Saturday, December 15, 2007

နှစ်ယောက်

မနက်စောစော လမ်းလျှောက်ခြင်းကို

သင်ယုံကြည်သလားလို့ ပြူတင်းပေါက်က မေးလိုက်တယ်
တွေဝေစိတ်နဲ့ လှည့်ကြည့်လိုက်တော့
ကြည်လင်တဲ့ မှန် ၆ချပ်ကိုဖြတ်ပြီး တိမ်ညိုတွေဟာ
ချိန်းထားသူရှိနေသလို သွားနေတာ တွေ့လိုက်ရတယ် ..........

သင်ဟာ အကြင်နာကို တောင့်တနေသလားလို့
ခေါင်မိုးက မေးလိုက်တယ်
စိတ်က ခေါင်မိုးဆီ ရောက်သွားတော့ ခေါင်မိုးပေါ်
မိုးတဖြောက်ဖြောက် ကျနေသံ ကြားလိုက်ရတယ် .....

တကယ်တော့ ... ကျွန်တော်ဟာ......
အိပ်ရာတစ်ခုပေါ် အိပ်နေတာမဟုတ်ပဲ
ရုံးခန်းတခုရဲ့ စားပွဲပေါ်မှာ အိပ်နေတာပါ.........
(ခင်ဝမ်း)

မိအေးအကြောင်း

ပါးစပ်ထဲဝါးစရာရှိရင်

တိမ်တွေပြာနေလိမ်.မယ် ။

အခုလိုနားဆင်နေရတာ

(ခွေးတံဆိပ်)

ဓါတ်ပြားခောတ်ကို သွားသတိရမိစေတယ် ။

မှတ်စုစာအုပ်ကို ဖွင်.ကြည်.တော.

သင်္ဘောဟာ

သောင်တင်ဆဲ ။

ရယ်စရာ

မောစရာတွေ

ဟောဒီငြောင်.ကျင်းမှာ

ဘယ်လိုနည်းနဲ.ကျောခင်းရကောင်းမှာလဲ ။

စာရွက်ပေါ်က မေးခွန်းပေါ.

" ဒီနွေဟာ

ခြင်းကြားနဲ.ရေသယ်လာတဲ.နွေပဲလား "

အိုအောင်


နံရံဂစ်တာ





ခုံတန်းပြာတွေ မပြာတဲ့အထိ
လရောင်ဝါလည်း မ၀ါတော့
စံပယ်ပွင့်တွေ မပွင့်ဘူး။
မာနနဲ့ချိတ်တွယ်နေတဲ့ မိုးတွေ
ရည်ရွယ်ချက်မဲ့လေတွေဆီ
ရောက်လာပေမယ့် ရောက်မလာဘူး။
ကြည့်ရင်မြင်နိုင်ပေမယ့်
ကြည့်လို့မှမမြင်နိုင်အောင်
နှင်းတွေကျနေတာပါနှင်း
ခံစားချက်ပြင်းထန်တဲ့ ရင်ခွင်တစ်လုံးဟာ
လွမ်းလို့သေတောင် မလွမ်းတော့ဘူး။


ဝိုင်ချို

ရုပ်ရှင်တေးကဗျာ ၊ သြဂုတ် ၂၀၀၀
ပရိဘောဂများ


သူ့အိမ်ဂေဟာ တခမ်းတနား လှပအောင်
အမြဲတမ်း သူနေရာ ချတတ်တယ်။

အိမ်ကိုရောက်ဖူးတဲ့ လူကြီးလူကောင်းတိုင်းက
တအံ့တသြ ချီးမွမ်းခန်းဖွင့်ရလောက်အောင်
သူတော်တယ်။

ကနုတ်ပန်းနဲ့ ရှေးဟောင်း ထိုင်ခုံတွေက
သူ့ကို မင်းမျိုးမင်းနွယ်တစ်ယောက်လို့ အထင်ရောက်စေတယ်။

ထိုင်နေကျ သူ့ထိုင်ခုံ အပေါ်တည့်တည့် နံရံမှာတော့
အမဲလိုက် သေနတ်နဲ့ ခေါင်းပါတဲ့ ကျားရေခွံကြီးက
သူပြောသမျှ စကားတိုင်းကို အလေးအနက် ဖြစ်စေတယ်။

သူစုဆောင်းထားသမျှ ပန်းချီကားအားလုံး
ဘယ်သူမှ မမြင်အောင် သိမ်းထားလေ့ရှိတယ်
လိုအပ်မ္ဘှည့်ခန်းနံရံမှာ တစ်ချပ်ချင်း ချိတ်ဆွဲ
ဒါက ပစ်မှတ် ကို တစ်ချက်တည်းနဲ့ မှန်အောင် ပစ်တတ်သူမှန်း
သူ့စွမ်းရည်နဲ့ သူ့ပညာကို သိသာစေတယ်။

ပြဿနာတွေ သူဖြေရှင်းတဲ့အခါ
စာကြည့်ခန်းထဲမှာ သူတွေ့ဆုံတယ်
အခန်းပတ်လည်က စာအုပ်ဗီရိုကြီးတွေထဲမှာတော့
သူ့အတွက် ဆင်ခြေဆင်လက်တွေကို
အက္ခရာစဉ်အတိုင်း စနစ်တကျ စီရီထားတယ်။

ဆင်ဝင်အောက်က ရှားပါးဂမုန်းတွေနဲ့
ဝရန်တာမှာ ချိတ်ဆွဲထားတဲ့ သစ်ခွမျိုးစုံကိုတော့
ဖြစ်ရပ်မှန်တွေ ဆီကနေ အာရုံလှည့်စားဖို့အတွက်
တန်ဖိုးကြီးကြီးပေးပြီး သူစုဆောင်းထားတယ်။

သူ့အသုံးအဆောင် ပရိဘောကတွေထဲမှာတော့
ကျွန်မဟာ ဈေးအပေါဆုံးဖြစ်လိမ့်မယ်
နေ့ဘက်၊ မီးဖိုချောင်ထဲမှာ
ညဘက်၊ သူ့အိပ်ခန်းထဲမှာ
စနစ်တကျ သူနေရာချတတ်တယ်။

သူ့ဘက်ကလည်း တွေးနေလိမ့်မယ်
သူ့အသုံးအဆောင် ပရိဘောဂတွေထဲမှာ
သူ့ကို၊ သံသယမျက်လုံးနဲ့ ပြန်ကြည့်တတ်တယ်ဆိုလို့
ကျွန်မ တစ်ယောက်တည်း ရှိလိမ့်မယ်လို့။

ဒါပေမဲ့ ကျွန်မရဲ့ ဒေါသနဲ့ ကြေကွဲမှုတွေကိုတော့
စကားလုံးတွေအဖြစ် ဘယ်တော့မှ
ပြောင်းလဲခွင့် မရခဲ့ဘူး
သူ့ရှေးဟောင်းပစ္စည်းတွေပေါ်က
အက်ကြောင်းရာတွေလိုပေါ့
ပြင်ဆင်လိုက်လို့ တန်ဖိုးလျော့သွားမှာမျိုးကို
သူ မလိုလားဘူး။

ဒီအတွက်လည်း အားလုံး သူစီစဉ်ပြီးသားပါ
နှစ်ယောက် အိပ်ခုတင် နဲ့ ပြတင်းပေါက်ဘက်အခြမ်းကို
ကျွန်မအတွက် သီးသန့်၊ သူပေးထားတယ်
လမင်းကို အချိန်အကြာဆုံး၊အလှဆုံး မြင်ရတဲ့
အိမ်ဂေဟာရဲ့ အကောင်းဆုံး ပြတင်းပေါက်ပေါ့
နာကြည်းချက်တိုင်းကို ကျွန်မပြောပြလိုက်တဲ့အခါ
လမင်းကလည်း နားလည်ကြေကွဲစရာ ၊နှစ်သိမ့်ပေးရှာတယ်။
ကျွန်မရဲ့ မျက်ရည်နဲ့၊ ကျွန်မရဲ့ ခန္ဓာကိုယ်ကို
သူ့ရောင်ခြည်တွေနဲ့ ပွတ်သပ်ပေးရင်းပေါ့။

ဒီလိုနဲ့ပဲ၊ လမင်းဆီရောက်သွားတဲ့ လျှို့ဝှက်စကားတွေကို
တခြား ဘယ်သူမှ မကြားနိုင်တော့ဘူး
ခုတင် တစ်ဖက်ခြမ်းက အမှောင်ရိပ်ထဲမှာတော့
သူ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတယ်
လမင်းနဲ့ ကျွန်မကို ကျောခိုင်းရင်းနဲ့လေ။


မြင့်မိုးအောင်

စကားတစ်ခွန်း

နေမှု ထိုင်မှု ဟာ

ကြုံရာမှာ ရှင်သန်ပွင်.ရတဲ.တောပန်းလေးတွေလို

ခြောက်သွေ.ခြင်းနဲ.စိုပြေနေရ

ရှည်လျားခြင်းနဲ.ပဲရှည်လျားရ။

အိမ်ပြန်မလာသူဟာ

ကွင်းပြင်ထဲမှာလည်း ရှိမနေခဲ.ဘူး

ဖွင်.ပြရင်လည်း

စိတ်ကိုပြန်ပိတ်လို.ရမှာ မဟုတ်ဘူး။

ဒီသစ်ကိုင်းက

ခုတ်ချမှ ကျိုးကျမယ်. သစ်ကိုင်းပဲ။

အောင်နှင်းသစ်