အဖြစ်အပျက်ဟာ
ပင်ကိုအားဖြင်.မေ.လျော.ခံအကြောင်းအရာတစ်ခု
အညိုရောင်(သို.မဟုတ်)မီးခိုးရောင်။ အဖြစ်အပျက်ထဲ
ရနံ.တစ်ခုခုထည်.သွင်းဖို.၊
အဖြစ်အပျက်ဟာ
စိတ်တစ်စကစခဲ.တယ်ဆိုဘယ်လိုလဲ
ည(၈)နာရီမှာမြင်ခဲ.တယ်
တနင်္ဂနွေမနက်စောစောမြင်ကွင်းလိုအေးစက်မှုန်ဝါးတဲ.မိန်းမ
ကြာသပတေး(သို.မဟုတ်)နောက်တစ်ကြီမ်ကြာသပတေး
သူမဟာဆိုက်ဘေးရီးယားကလာတဲ.ဆောင်းခိုငှက်တစ်ကောင်လို၊
မတေွးချင်သူ၊ စကားမပြောချင်သူ
ထိုင်မနေချင်သူ
လာရမှာပျင်းရိသူ
သွားပွတ်တံတစ်ချောင်း ၊ ဆပ်ပြာခဲတစ်ခဲ…..
စသဖြင်.ဈေးဝယ်စာရင်းတစ်ခုမှာကိုယ်.ကိုကိုယ်ထည်.သွင်းပါ
လေထဲချောင်းတဟွတ်ဟွတ်ဆိုး
စိတ္တဇပဲ
လေထဲကကိုင်းပင်ရှည်ရှည်တွေလိုယိမ်း
ထိကရုန်းတွေလိုရုန်း
ရုပ်ရှင်ကပြီးပြီ ၊ ဖလင်တွေကလည်နေတုန်း ။
မျိုးတေဇာမောင်
No comments:
Post a Comment