Sunday, January 13, 2008

ဖော်ဝေး၏ အဘိဓမ္မာဝေဖန်ရေး ကဗျာတပုဒ်


(က)

၁၉၇၀ ခုနှစ်တ၀ိုက်ကဖြစ်သည်။
ဆရာ ဒဂုန်တာရာက “အတတ်ပညာချို့ ယွင်းရင်ချို့ ယွင်းပစေ၊ အဘိဓမ္မာ မမဲ့စေနဲ့ ” ဆိုသည့် စကားကိုပြောခဲ့၏။ ထိုစဉ်က လူငယ် ကဗျာဆရာအများစုက ဒဂုန်တာရာ၏စကားကို သဘောတရားလမ်းညွန်ချက်အဖြစ် အသိအမှတ်ပြုကာ “အဘိဓမ္မာသည် ပထမ၊ အတတ်ပညာသည် ဒုတိယ” အယူအဆအထိ တက်ကြွစွာလက်ခံ နာယူခဲ့ကြ၏။

မြန်မာကဗျာသမိုင်းတွင် ၁၉၅၀ ခုနှစ်တ၀ိုက်ကတည်းက ဖြစ်ပွားလာခဲ့သည့် လက်ဝဲ၊ လက်ျာ၊ အယူအဆရေးတိုက်ပွဲမှာ ၁၉၇၀ ခုနှစ်တ၀ိုက်တွင် အပြင်းထန်ဆုံးဖြစ်လာခဲ့၏။ လက်ဝဲအယူအဆအခြေခံဖြင့် တင်ပြသည့် ဝေဖန်ရေးစာအုပ်များလည်း ထွက်ခဲ့၏။ တချို့ သော ကဗျာဆရာ၊ စာရေးဆရာများမှာ လက်ဝဲဝေဖန်ရေး လှိုင်းလုံးများအောက်တွင် ခေါင်းမဖေါ်နိုင်အောင် အဖိခံ ခဲ့ကြရ၏။

တနည်းအားဖြင့်ပြောရလျှင် ၁၉၇၀ နှင့် ၁၉၈၀ ခုနှစ်တ၀ိုက် မြန်မာကဗျာနယ်ပယ်တွင် လက်ဝဲ၀ါဒသည် အောင်ပွဲခံသည့် အယူဝါဒ တခုအဖြစ် ရပ်တည်နိုင်ခဲ့သည့် သဘောပင်ဖြစ်သည်။ ထိုသို့ သော အခြေအနေတွင် မော်ဒန်ကဗျာဆရာ ဖော်ဝေး သည်လည်း လက်ဝဲ၀ါဒကို သက်ဝင်ယုံကြည်သည့် ကဗျာဆရာတဦးအဖြစ်ထင်ရှား၏။

၁၉၇၀ ခုနှစ်ဝန်းကျင်က မိုးဝေစာပေ မဂ္ဂဇင်းတိုက်ထွက် လူငယ်ကဗျာဆရာများမှာ အုံနှင့်ကျင်းနှင့် အားကောင်းခဲ့ကြ၏။ ထိုကဗျာဆရာအားလုံးလိုလိုမှာ “မတ်က်စ်ဝါဒ” ကို ယုံကြည်သူ၊ ထောက်ခံသူများဖြစ်ကြ၏။သို့ မဟုတ် မတ်က်စ်ဝါဒ ကို စိတ်ဝင်စားသူ များဖြစ်ကြ၏။ ထိုကဗျာဆရာ အုပ်စုကြီးမှာ ၁၉၇၈ ခုနှစ်ဝန်းကျင်တွင်မူ အုပ်စု(၃)အုပ်စု ကွဲထွက်သွားခဲ့၏။ အုပ်စုကွဲသည်ဆိုသော်လည်း ဦးတည်ချက်ကွဲခြင်း မရှိဘဲ အတတ်ပညာပိုင်းတွင်သာ ကွဲခြင်းဖြစ်သည်။

ပထမအုပ်စုမှာ လက်ဝဲအလွန်အကျွံအုပ်စု ဖြစ်၏။ ဒုတိယအုပ်စုမှာ မော်ဒန်ကဗျာဆရာအုပ်စုဖြစ်၏။ တတိယအုပ်စုမှာ အရေ အတွက်အားဖြင့်လည်း အများစုဖြစ်ပြီး လက်ဝဲ အလွန်ကျွံလည်းမဟုတ်၊ မော်ဒန်ကဗျာဆရာ အုပ်စုလောက်အထိလည်း အတတ် ပညာကိုမြှင့်မတင်ဘဲ အလယ်အလတ်တွင် ရပ်နေ ကြသူများဖြစ်ကြ၏။ ထိုစဉ်က မိုးဝေကဗျာဆရာများ အားလုံး လိုလိုကို ခေတ်ပေါ် ကဗျာ ဆရာများအဖြစ် ခေါ်ဝေါ်ခဲ့ကြ၏။ ထိုအထဲကမှ အသိရခက်ခဲပြီး နမိတ်ပုံအသစ်၊ တင်ပြပုံအသစ် နှင့် ပိုမိုကျစ်လျစ် ဆန်းသစ်သည့် ကဗျာများကိုရေးဖွဲ့ သည့် ကဗျာဆရာများကိုမူ “မော်ဒန်ကဗျာဆရာများ”ဟု ခေါ်တွင်ခဲ့ကြ ဖူးလေသည်။

ဖော်ဝေး သည် မော်ဒန်ကဗျာဆရာအုပ်စုထဲတွင် ပါဝင်သွားခဲ့၏။ ပါဝင်သည်ဟုဆိုသည်ထက် မော်ဒန်ကဗျာဆရာအုပ်စု၏ ခေါင်းဆောင်တဦးအဖြစ်ပင်လျှင် ယူဆပြောဆိုခြင်း ခံရသူပင်ဖြစ်၏။ ကဗျာဆရာ အောင်ချိမ့်၊ မောင်ချောနွယ်၊ သုခမိန်လှိုင် တို့ နှင့် တတွဲတည်းဖြစ်၏။ ကျနော်တို့ သည် ထိုစဉ်က ဖော်ဝေးနှင့် အချိန်ပြည့်တွဲကာ ဆံပင်ရှည်ရှည် ညစ်တီးညစ်ပတ် နေထိုင်ကြသည့် အောင်ချိမ့်၊ မောင်ချောနွယ်တို့ ၏ နေထိုင်ဝတ်စားပုံကိုကြည့်ကာ သူတို့ ကဗျာများကိုမူ အလေးအနက် မထားမိခဲ့ကြ။သူတို့  အုပ်စုကို “မတ်က်စ်ဝါဒ”မှ သွေဖီသည့် တကိုယ်တော်ထွက်ပေါက်ရှာသူ “အိပ်ဇစ်”များအဖြစ် ယူဆကာရှုံ့ချခဲ့ကြဖူး၏။

ကျနော်တို့ ၏ သူငယ်နာမစင်သော အယူအဆကို ဆရာဒဂုန်တာရာသည် မကြာခဏ ပြန်လည်တည့်မတ်ကူညီခဲ့၏။ “အဟောင်းဥခွံမှ ဖောက်ထွက်ရန်ကြိုးစားသူ မည်သူမဆို ကိုယ့်စည်းအတွင်းမှ လူများသာဖြစ်သည်” ဟူသော ပေတံဖြင့် တိုင်းတာ တတ်ရန်ကို သတိပေးနှိုးဆော်ခဲ့၏။

နောင်နှစ်(၂၀)နီးပါးကြာသောအခါ ထိုစဉ်က ကျနော်တို့ က ပြည်သူ့ စာပေလမ်းကြောင်းပေါ်မှ သွေဖီသူများဟုယူဆထား ခဲ့သည့် ဖော်ဝေး၊ အောင်ချိမ့်၊ မောင်ချောနွယ်တို့ မှာ မြန်မာခေတ်ပေါ်ကဗျာသမိုင်းတွင် အထင်ကရ ကဗျာဆရာများ ဖြစ်လာခဲ့ကြတော့သည်။

(ခ)

ဖော်ဝေးသည် “မတ်က်စ်ဝါဒ” ကို ယုံကြည်သူဖြစ်သည်။ ၁၉၇၄ ခုနှစ်တွင်ရေးခဲ့သည့် သူ၏ဒိုင်ယာယီတွင် အတိအလင်းဝန်ခံ ရေးသားခဲ့ပါသည်။ သို့ သော် မတ်က်စ်ဝါဒ အပေါ် မျက်စိမှိတ်ပြီးမှ ယုံကြည်ခဲ့သူတဦးတော့ မဟုတ်ချေ။ သူသည် မတ်က်စ်
ဝါဒကို ဝေဖန်ဆန်းစစ်ပြီးမှ သက်ဝင်ယုံကြည်လိုသူဖြစ်၏။ အထူးသဖြင့် မတ်က်စ်ဝါဒကို ခြေစုံပစ်ပြီး အားထားယုံကြည်သူ တဦးအဖို့ မတ်က်စ်ဝါဒ၏ အဘိဓမ္မာရေးအရ အမှားအယွင်းရှိခဲ့သည်ရှိသော် ဆိုသည့် အတွေးကြောင့် ဖော်ဝေးသည် တစုံတရာအားဖြင့် တုန်လှုပ်ခြောက်ခြားနေခဲ့ဖူးသည်ဟု ပြောနိုင်၏။

အဘယ်ကြောင့်ဆိုသော် မတ်က်စ်ဝါဒကို သက်ဝင်ယုံကြည်ပါသည်ဟု အတိအလင်း ၀န်ခံထားသူ ဖော်ဝေးသည် မတ်က်စ်
ဝါဒကို အဘိဓမ္မာရေးအရ ဝေဖန် သည့်ကဗျာတပုဒ်ကို ရေးဖွဲ့ ခဲ့သူဖြစ်၏။ သည် ကဗျာတပုဒ်သည်ပင်လျှင် ဖော်ဝေးသည် မတ်က်စ်ဝါဒကို ထိုခေတ်က လူငယ်တချို ကဲ့သို့ လှေနံ ဓါးထစ် စိတ်ချယုံကြည်စွာ လက်ခံသူ မဟုတ်ကြောင်း ဖော်ပြလေသည်။

ဖော်ဝေးသည် ၁၉၇၂ ခု မေလထုတ် မိုးဝေစာပေမဂ္ဂဇင်းတွင် “ရေလယ်မီးပြ ” ကဗျာကို ရေးဖွဲ့ ပြီး မတ်က်စ်ဝါဒကို ဝေဖန် ဆန်းစစ်ခဲ့လေသည်။

ရေလယ်မီးပြ

အမှောင်ကြားမှာ
စမ်းတ၀ါးဝါး
သွားနေရရင်
ဘယ်ခရီးတွင်ပါ့မလဲ။

ပင်လယ်ပြင်ဟာ
အရွယ်ဝင်စ
အပျိုမရဲ့ 
နားလည်ရခက်တဲ့ မျက်နှာလို
ခု ငိုမယ်၊ ခု ရယ်မယ်
မှန်းဆဖို့  မလွယ်ပါဘူး။

ညဆိုတာက
မှောင်ကြီးကျပလားဆို
ဘာဆို ဘာမှ
မမြင်ရတာ
ဘယ်ဟာ ကမ်းပါး
ဘယ်နား ကျောက်ဆောင်
သောင်က ဟိုရှေ့ 
အကွေ့  ဒီမှာ
ရှာမရနိုင်။

ဟို…အဝေးဆီက
မီးနီရွှန်းပြက်
တလက်လက်နဲ့
လက်ညှိုးညွှန်တယ်
ရေလယ်“မီးပြ”
ကျေးဇူးတင်စရာ။

မီးပြကိုကြည့်ပြီး
ခရီးထွက်ခွာ
ဘယ်နေရာဆို
ဘယ်လိုအန္တရာယ်
ဘယ်အဆွယ် ဘယ်အကွေ့ 
ဘယ်ရွေ့  ဘယ်မျှ
မှန်းဆလို့ ရပါပြီ။

ဒါပေမယ့်
အနီရောင် တလက်လက်နဲ့
မီးပြများ…ပျက်တဲ့အခါ
အန္တရာယ်ဟာ
မငယ်တော့ပေဘူး။

သဲသောင်ပေါ်မဆိုက်
ကျောက်ဆောင်နဲ့ မတိုက်
အမှောင်ထဲက
မီးပြနဲ့ တိုက်တာကြောင့်
သင်္ဘောမှောက်ခဲ့ရတာမျိုးတွေ။ ။

မိုးဝေ၊ ၁၉၇၂၊ မေလ

(ဂ)

“ရေလယ်မီးပြ” ကဗျာတွင် “မီးနီရွှန်းပြက်၊ တလက်လက်နဲ့၊ လက်ညှိုးညွှန်တယ်၊ ရေလယ်မီးပြ၊ ကျေးဇူးတင်စရာ…” ကဗျာ ပိုဒ်နှင့် “အနီရောင်တလက်လက်နဲ့၊ မီးပြများ ပျက်တဲ့အခါ” ကဗျာပိုဒ်များမှာသည် ကဗျာ၏အရေးပါလှသည့် ကဗျာပိုဒ် များဖြစ်လေ သည်။

၁၉၇၀ ခုနှစ်တ၀ိုက်က မိုးဝေကဗျာဆရာအများစုသည် တော်လှန်ရေးနှင့် လက်ဝဲ၀ါဒ အခြေခံသည့် အယူအဆကို “အနီရောင်”ဖြင့် ထင်ဟပ်ဖေါ်ပြလေ့ရှိကြ၏။ ဥပမာ “ကြယ်နီ” “ကောင်းကင်နီ” “နေ၀န်းနီ” “နှင်းဆီနီ” အစရှိသဖြင့် “အနီရောင်” ကို အဘိဓမ္မာ ကိုယ်စားပြု သင်္ကေတအဖြစ် အသုံးပြုခဲ့ကြ၏။ ထို့ ကြောင့် ယင်းကဗျာပိုဒ်များတွင် ပါရှိသည့် “မီးနီရွှန်းပြက်” ဟူသော စကားစုနှင့် “အနီရောင်တလက်လက်နဲ့” ဟူသောစကားစုတို့ မှာ “မတ်က်စ်ဝါဒ”ကို ရည်ညွှန်းသည့် စကားစုများအဖြစ် ယူဆလို့ ရနိုင်သည့် “သင်္ကေတစကားစုများ” ဖြစ်လေသည်။

“ရေလယ်မီးပြ ” ကဗျာ၏ အဓိကဆိုလိုရင်း အဓိပါယ်မှာ ပင်လယ်ပြင်တွင် သဘောင်္များအဖို့  ညအမှောင်ကာလတွင် မီးပြတိုက်၏ သတိပေးလမ်းညွှန်ချက်ကြောင့် အန္တရာယ်ဟူသမျှ ရှောင်ရှားသွားလာ၍ ရနိုင်ကြောင်း၊ သို့ သော် ထိုလမ်းညွှန် အချက်ပြသည့် မီးပြက တခါတလေမှာ ပျက်နေပြီဆိုလျင်တော့ သင်္ဘောများသည် ကျောက်ဆောင်နှင့် မတိုက်မိဘဲ မီးပြနှင့်ပဲတိုက်မိပြီး သင်္ဘော မှောက်တာမျိုးကို ကြုံရတတ်သည့် အကြောင်း ရေးဖွဲ့ ထားခြင်းဖြစ်သည်။ သည်အဓိပါယ်ကို တိုက်ရိုက်ကိုယ်စားပြုသည့်ကဗျာ ပိုဒ်မှာ အောက်ပါနောက်ဆုံးကဗျာပိုဒ်ဖြစ်လေသည်။

သဲသောင်ပေါ်မဆိုက်
ကျောက်ဆောင်နဲ့ မတိုက်
အမှောင်ထဲက
မီးပြနဲ့  တိုက်တာကြောင့်
သင်္ဘောမှောက်ခဲ့ရတာမျိုးတွေ။

ကဗျာ၏ဆိုလိုရင်း အနှစ်ချုပ်မှာ “မတ်က်စ်ဝါဒ”သည် တိုက်ပွဲလမ်းညွှန်ဝါဒတခုဖြစ်သည် မှန်ပင် မှန်သော်ငြားလည်း “မတ်က်စ်ဝါဒ” တွင် အမှားတခုခုရှိခဲ့လျှင် ယင်းလမ်းညွှန်ဝါဒရဲ့ လမ်းညွှန်အမှားကြောင့်ပင်လျှင် လူတွေဒုက္ခရောက် နိုင်ကြောင်း ရေးဖွဲ့ ပြောဆိုလိုခြင်းဖြစ်သည်။

ထို့ ကြောင့် “ဖော်ဝေး” ၏ “ရေလယ်မီးပြ ”ကဗျာသည် အဘိဓမ္မာဝေဖန်ရေးကဗျာဖြစ်သည် ဆိုသည်မှာ ငြင်း၍့ မရနိုင်ပါ။

ဖော်ဝေးသည် မတ်က်စ်ဝါဒ ကို သက်ဝင်ယုံကြည်သူဖြစ်သည် ဆိုသည်မှာမှန်၏။ သို့ သော်လည်း ဖော်ဝေးသည် မတ်က်စ် ၀ါဒ ကို မျက်စိစုံမှိတ်ပြီးမှ သက်ဝင်ယုံကြည်ခဲ့သူ မဟုတ်သည်ကိုမူ “ရေလယ်မီးပြ” ကဗျာက ငြင်းမရအောင် သက်သေ ထူလျှက်ရှိလေသည်။ ။

မောင်သစ်ဦး | ဇွန် ၂၅၊ ၂၀၀၇

Saturday, January 12, 2008

ဘယ်သူပြောလဲ တတောလုံးကြွေ





ဘယ်သူပြောလဲ
တတောလုံးကြွေ …။

တဟုန်းဟုန်းနဲ့
တောဆုံးတောင်ဖျား၊ မီးတောက်ကြားမှာ
ဖျားနာခဲ့ပြီ တို့နှင်းဆီ။

အပူစီးကြောင်း
ချောင်းရေဆူပွက်၊ ညဥ့်နက်နက်ထဲ
တစက်နှစ်စက်၊ သွေးစက်စက်လေ
အိပ်မက်မီးသင့် ခဲ့သလော။

ငါလာခဲ့ပြီ
ဤနေရာသို့၊ ငါငိုကြွေးရန်
ဒူးထောက်တောင်းပန်
အညံ့ခံဖို့ လာခြင်းမဟုတ်။

ငါယုံကြည်သည်
နှင်းဆီတပင်၊ မီးလောင်ပြင်က
ရှင်ပြန်ထမြောက်၊ ငှက်တေးကောက်ချိန်
တောက်ပဝေဖူး၊ တို့ခေတ်ဦးကို
ကူးယူနီမြန်း လွမ်းပေလိမ့်။

တို့ လွမ်းသဖြင့်
အပွင့်ကြွေစေ၊ မသေအမြစ်
ချစ်နေသေးသည်
မည်သို့ပင်ဖြစ်စေ …။

ကဲ … ဘယ်သူပြောလဲ
တတောလုံးကြွေ …။ ။

အောင်ဝေး

လျှို.၀ှက်တဲ.ထောင်.ကျဉ်းများ


ချောင်းကြည်.ပေါက်တစ်ခုက မြင်နေရတာတွေ

ခင်ဗျားကိုကျွန်တော်ပြောပြမလို.

အိပ်မက်လား တကယ်ပဲလား

တကယ်.ကို မကွဲမပြားပဲ

သူတို.နှစ်ယောက် မှန်ချပ်တွေမကွဲမရှအောင်

သတိရှိရှိနဲ. တစ်ယောက်ပေါ်တစ်ယောက်ထပ်

ပင်လယ်ကြီး ဖြစ်သွားတဲ.အထိ

အဲဒီ ပင်လယ်ပေါ် ဟန်းနီးမွန်းထွက်ကြမလို.တဲ.

ဒါဟာ

(၁)ဟိုး…… တောင်ထိပ်ကရဲတိုက်ပေါ်မှာတပ်ဆင်ထားတဲ.မိုးကြိုးလွှဲ

(၂) လိပ်ပြာတောင်ပံထဲက ကျန်ခဲရစ်ခဲ.တဲ.ပန်းဝတ်မှုန်

(၃) စုတ်ချက်တွေနဲ. ခုတ်ထစ်ထားတဲ.ကျူဗစ်ဇင်ပန်းချီကား

(၄) အကောင်းဆုံးယောင်ဆောင်ထားတဲ.ပစ္စည်းတွေ

ခင်းကျင်းပြသနေတဲ.ဈေးပွဲတော်တစ်ခု

ဟိုမှာမြင်လား

မိုးမွှားတွေကန်ရေပြင်ကိုအပ်ဖျားနဲ.တစ်ဆစ်ဆစ်ဆွ

ဒီအမျိုးသမီးလှေပေါကကိုဖာလို.မပြီးနိုင်တော.ဘူး

ကျွန်တော်ဟာပိုးဟပ်တစ်ကောင်ပါ

ချောင်းကြည်.ရုံကလွဲလို.ဘာမှမလုပ်တတ်တဲ.

ရွှေငါးတစ်ကောင်ကကျွန်တော်ကိုမျိုချထားတယ်

သူ.မျက်လုံးသူငယ်အိမ်ပေါက်တွေကတဆင်.

လှိုဏ်ခေါင်းလိုရှည်လျားတဲ.ကျွန်တော်.ဦးမှင်တွေကနေတဆင်.

ကျွန်တော်ချောင်းကြည်.လိုက်တယ်

မီးကျည်ပစ်ဖောက်လိုက်တာ သူတို.မမြင်ကြဘူး

အချက်ပေးဥသြသံတွေလဲ သူတို.မကြားကြဘူး

လှိုင်းမူးနေတဲ.ပင်လယ်ဟာသူတို.အတွက်ဗုံးခိုကျင်းပဲ

တောင်ကုန်းအမှတ် (၀၀၁)

အခုစကားပြောနေတာ အချစ်ပါ

ဟုတ်ကဲ. ကျွန်မအိုးထိန်းစက်တစ်ခုပေါ်ရောက်နေပါတယ်

ရှင်တို.အားလုံးရှာရှာလည်လို.

ဒါပဲနော် ကျွန်မပင်လယ်ထဲခုန်ချလိုက်တော.မယ်

ဒီလိုနဲ.ပဲ

ညတာတွေရှည်လျားလာ

ဒီလိုနဲ.ပဲ

ဇာတ်လမ်းဟာအထွဋ်အထိပ်ကိုရောက်လာ

ဒီလိုနဲ.ပဲ

ကျွန်တော်လဲ ချောင်းကြည့်သူတွေများလာ

ဒါနဲ့မိတ်ဆွေ

ခင်ဗျားလဲကျွန်တော်လိုချောင်းကြည့်နေတုန်းပဲလား

ဒါမှမဟုတ့်

မောင်ရှင်စော

Saturday, January 5, 2008

အရေးအသားဟာအသွေးအသားမဟုတ်ဘူး


အဖြစ်အပျက်ဟာ

ပင်ကိုအားဖြင်.မေ.လျော.ခံအကြောင်းအရာတစ်ခု

အညိုရောင်(သို.မဟုတ်)မီးခိုးရောင်။ အဖြစ်အပျက်ထဲ

ရနံ.တစ်ခုခုထည်.သွင်းဖို.၊

အဖြစ်အပျက်ဟာ

စိတ်တစ်စကစခဲ.တယ်ဆိုဘယ်လိုလဲ

ည(၈)နာရီမှာမြင်ခဲ.တယ်

တနင်္ဂနွေမနက်စောစောမြင်ကွင်းလိုအေးစက်မှုန်ဝါးတဲ.မိန်းမ

ကြာသပတေး(သို.မဟုတ်)နောက်တစ်ကြီမ်ကြာသပတေး

သူမဟာဆိုက်ဘေးရီးယားကလာတဲ.ဆောင်းခိုငှက်တစ်ကောင်လို၊

မတွေချင်သူ၊ စကားမပြောချင်သူ

ထိုင်မနေချင်သူ

လာရမှာပျင်းရိသူ

သွားပွတ်တံတစ်ချောင်း ၊ ဆပ်ပြာခဲတစ်ခဲ…..

စသဖြင်.ဈေးဝယ်စာရင်းတစ်ခုမှာကိုယ်.ကိုကိုယ်ထည်.သွင်းပါ

လေထဲချောင်းတဟွတ်ဟွတ်ဆိုး

စိတ္တဇပဲ

လေထဲကကိုင်းပင်ရှည်ရှည်တွေလိုယိမ်း

ထိကရုန်းတွေလိုရုန်း

ရုပ်ရှင်ကပြီးပြီ ၊ ဖလင်တွေကလည်နေတုန်း

မျိုးတေဇာမောင်

Monday, December 31, 2007

2007 BACKVIEW



it is a self-portrait , tomorrow it will be "it was"
2007! it is a number,
it is a year, it is a numerical language
wow! how it is passed?
with love? with hate?
with friends? with enemies?

sometimes somethings will be forgot,
somethings be remembered.....
so what is 2007?
2007 !
lovers gone,bad guys alive!
2007!
it has a bloody September!
2007!
i am not a hero
i am not a poet
i am not Bill Gate
i am not John Ashbery
i am not Maung Chaw New
i am not what i am not
i am still no one
no one knows me yet
leave me 2007
cilck 2008
wake up!

Myo Tayzar Maung




I'll never fall in love again
Artist: Elvis Costello

What do you get when you fall in love?
A girl with a pin to burst your bubble
That's what you get for all your trouble
I'll never fall in love again
I'll never fall in love again

What do you get when you kiss a girl
You get enough germs to catch pneumonia
After you do, she'll never phone ya
I'll never fall in love again
I'll never fall in love again

Don't tell me what it's all about
'cause I've been there and I'm glad I'm out
Out of these chains, those chains that bind you
That is why I'm here to remind you

What do you get when you give your heart?
You get it all broken up and battered
That's what you get, a heart that's shattered
I'll never fall in love again

What do you get when you fall in love?
You only get lies and pain and sorrow
So for at least until tomorrow
I'll never fall in love again
I'll never fall in love again

ငါကတော့ ဘယ်တော့မှ ထပ်မချစ်တော့ဘူး


မင်းချစ်မိသွားရင် ဘာတွေများ ရပါသလဲ
မင်းရဲ့ (မျှော်လင့်ချက်) ပူဖောင်းလေးကို ဖောက်ပစ်မယ့်
ပင်အပ်နဲ့ ကောင်မလေး တစ်ယောက်ပေါ့
မင်းရဲ့ ဒုက္ခတွေ အားလုံးအတွက် ပြန်ရမှာကတော့ အဲဒါပဲ
ငါကတော့ ဘယ်တော့မှ ထပ်မချစ်တော့ဘူး
ငါကတော့ ဘယ်တော့မှကို ထပ်ချစ်မှာ မဟုတ်တော့ဘူး

မင်း ကောင်မလေးကို နမ်းမယ်ဆိုရင် ဘာတွေရမလဲ သိလား
နျူမိုးနီယား (အဆုတ်အအေးမိရောဂါ) ရနိုင်လောက်တဲ့ ရောဂါပိုးတွေပေါ့
မင်းရောဂါရပြီးရင်တော့ သူက မင်းကို ဘယ်တော့မှ
ဆက်သွယ်တော့မှာ မဟုတ်ဘူး

ငါကတော့ ဘယ်တော့မှ ထပ်မချစ်တော့ဘူး
ငါကတော့ ဘယ်တော့မှကို ထပ်ချစ်မှာ မဟုတ်တော့ဘူး


အချစ်ဆိုတာ ဘယ်သို့ဘယ်ညာ ငါ့ကို လာပြောမနေနဲ့တော့
ဘာကြောင့်လဲဆိုတော့ ငါချစ်ခဲ့ဖူးတယ်၊ အခု အဲဒီ အကျဉ်းချထားမယ့် သံကြိုးတွေကနေ လွတ်မြောက်လာတာကိုလဲ ၀မ်းသာမိတယ်
ငါအခု ဒီမှာရောက်နေတာကလဲ မင်းကို သတိပေးဖို့ပဲ

မင်းနှလုံးသားကို ပေးမယ်ဆိုရင် မင်းဘာတွေ ပြန်ရသလဲ
မင်းရဲ့ နှလုံးသားကိုပဲ ကျိုးပဲ့ စုတ်ပြတ်တဲ့ အခြေအနေနဲ့ ပြန်ရလိမ့်မယ်
မင်းရမှာ အဲဒါပဲ၊ တစ်စစီ ကျိုးပဲ့ နေတဲ့ နှလုံးသား
ငါကတော့ ဘယ်တော့မှ ထပ်မချစ်တော့ဘူး

မင်းချစ်မိသွားမယ်ဆိုရင် မင်းဘာတွေ ရမှာလဲ
မုသားစကားတွေ၊ ဒဏ်ရာတွေ နဲ့ ၀မ်းနည်းမှုတွေပဲ ရမယ်
ဒါကြောင့်မို့ အနည်းဆုံး မနက်ဖြန်အထိတော့
ငါကတော့ ထပ်မချစ်တော့ဘူး
ငါကတော့ ထပ်ချစ်မှာ မဟုတ်တော့ဘူး

Sunday, December 30, 2007

ငှက်ပြာလေး



ကျွန်တော်နှလုံးသားထဲမှာ
ထွက်ပြေးချင်နေတဲ.ငှက်ပြာလေးတစ်ကောင်
ကျွန်တော်ဟာသူ.အတွက်ကြမ်းတမ်းလွန်းတယ်ဆိုပေမယ်.
ကျွန်တော်ပြောလိုက်မိတာ ၊ "အဲဒီ.မှာပဲနေပါကွယ်
ဘယ်သူမှမမြင်စေချင်ဘူး

မင်းကို "


ချားလ်ဘူကော.စကီး ရဲ. Bluebird ကို မြန်မာလိုပြန်ရေးတယ်။

မျိုးတေဇာမောင်